ညနေကျောင်းဆင်းချိန်က စပြီး ကျွန်တော့်အခန်းထဲမှာ ကက်ဆက်နဲ့ အကတိုက်နေကြတော့ ကျွန်တော်မှာ ဘုံပျောက်ပြီး လ္ဘက်ရည်ဆိုင် သွားထိုင်နေ ရတယ်။ သူတို့တတွေ
ကခုန် အားရလောက်တဲ့ အချိန်မှာ ပြန်လာတော့၊ ရွေးချယ်ရေးအဖွဲ့ထောက်ခံထားတဲ့ တော့်…ပြောကောင်းဆိုကောင်း
ကလေး သုံးယောက်ကို ကျောင်းပေါက်မှာ တွေ့ပါလေရော။
ခင်ညွန့်ကြွေက တအီးအီးငိုလို့။ မာမာဦးက ကျောင်းဆောင်ဘက်ကို လှည့်ပြီး မျက်စောင်းထိုး၊
အံကြိတ်လို့။ အောင်မေသန်းက စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့။
"ဒါက ဘာဖြစ်လာကြပြန်တာလဲ"
"ဦးသန်းဆွေက ကျမတို့ကို 'နင်တို့ မကကြနဲ့တော့လို့' ငေါက်ထုတ် တာ။ အီး…ဟီး…ဟီး။
ကျမ အက'ထဲပါတယ်လို့ အိမ်ကိုပြောထားတာ။ အေး… ညည်း တကယ်ကရရင် က၊ မက'ရဘဲ ညာပြောပြီး အိမ်ပြန်နောက်ကျ
တာဆိုရင် အရိုက်ပဲလို့ အိမ်ကပြောတာ။ အခု မက'ရတော့ဘူးဆိုတော့ ကျမ အရိုက်ခံရ တော့မှာ။
အီး…အီး…ဟီး"
"ဦးသန်းဆွေက ဘာလို့ ဆူတာလဲ။ ရှင်းအောင်ပြောစမ်းပါအုံး"
"ဆိုင်းအဖွဲ့က မရောက်သေးဘူးလား။ ပွဲရက်က နီးလာပြီ။ စောင့်နေ ရတာ ကြာလှပြီ။ အခုထိ ဆိုင်းနဲ့ မတိုက်ရသေးဘူးလား…လို့
ပြောတာကိုများ"
သိလိုက်ပါပြီ။ ဦးလှမောင်တို့ ဆိုင်းအဖွဲ့ ခေါ်ထားပေမယ့် လူမစုံသေး မအားသေးလို့ မလာနိုင်။ ဒါရိုက်တာကြီးကလည်း အကအဖွဲ့
အသီးသီးကြား ဗျာများနေချိန်၊ သင်းတို့က တကျည်ကျည်လုပ်နေတော့ ဟိုက စိတ်တိုပြီး ငေါက်
လွှတ် လိုက်တာပေါ့။
သူတို့ကလည်း အငေါက်ခံနေကျ၊ ဆရာတွေကလည်း ငေါက်နေကျ။ ခါတိုင်း ခံနိုင်ရည်ရှိပေမယ့်
ဒီတစ်ကြိမ်တော့ အရေးပါတယ်လေ။ မကရရင် အ ရိုက်ခံထိမှာ မဟုတ်လား။
"နောက်တာပါ…ဟာ"
"နောက်တာမဟုတ်ဘူးဆရာ။ ငေါက်တာ၊ ငေါက်တာ။ ကျမတော့ မကတော့ဘူး" မာမာဦးက
ရှူးရှူးရှဲရှဲ ပြောပြီး စိတ်ကောက် ပြန်သွားပါရော။
ခင်ညွန့်ကြွေက မကဖြစ်မှာ တွေးပြီး ရင်လေးနေတာ။
"ဆရာ…မာမာဦး မက'ရင် ကျမ က'ပေးမယ်။ သူ မက'လို့တော့ ပွဲပျက် မခံနိုင်ပါဘူးဆရာ။
ပြီးတော့…ခင်ညွန့်ကြွေလည်း အရိုက်ခံထိနေမှာ။ ကျမ က'ပေး လို့ ရမလားဆရာ" အောင်မေးသန်းက
မေးပါတယ်။
ကျွန်တော့်မှာ ရယ်ချင်စိတ်ကို အသာလေး မြိုချလိုက်ရတယ်။ တော် ကြာ နောက်တစ်ယောက်ပါ ထပ်ပြီး စိတ်ကောက်ဦးမှာလေ။
အောင်မေသန်းက ရခိုင်ယိမ်း၊ ဗွေးတုတ်၊ ကဗျာလွတ် ဘယ်အဖွဲ့ထဲမှ မပါသေးဘူး။
"အား…တော်သေးတာပေါ့၊ အောင်မေသန်းကယ်ပေလို့။ ဆရာမကြီး ဒေါ်ခင်စန်းလင်းကို ဆရာ
ပြောလိုက်မယ်။ သူ့အိမ်မှာ အကသွားတိုက်ကြ"
ဟိုတစ်ယောက် အကောက်ပြေလာဦးမှာကိုလည်း ကြိုသိနေပါရဲ့။ လောလောဆယ်တော့ မင်းသားက ပုပု၊
မင်းသမီးကရှည်ရှည်မို့-
"စုံမြိုင်လမ်းမှာ မောင်လေပန်းလျှင်၊ မယ်ထမ်းလို့ ခေါ်ပါမယ်"ဆိုပြီး ကကြပေဦးတော့ဟေ့။
ကိုယ်ကမယ့် ဇာတ်ရုပ်အတွက် ကိုယ့်ဘာသာ ဖီးလိမ်း၊ ကိုယ့်ဘာသာ ပြင်ဆင်ရမှာပါ။ ကျောင်းက ဘာစရိတ်မှ ပေးမှာမဟုတ်ပါ။
"ဆရာ…သူတို့တွေက အချိတ်ထမီတွေ ဝတ်ကြမှာတဲ့။ ကျမက မင်းသားဝတ်ပုဆိုး ဘယ့်နှယ်
လုပ်ရမှာလဲဆရာ"
အတန်းကြီးတွေ သူတို့ဘာသာ ကြံဖန်ပြီး ဝတ်စရာ ရှာတတ်ပေမယ့်၊ မက'ရလျှင် အရိုက်ခံထိမယ့်
မင်းသားကြီးက ပုဆိုးအတွက် အကြံအိုက်နေ ပြန်ပါပြီ။
"နင့်အမရဲ့ အချိတ်ထမီ နှစ်ထည်လောက် ဖြည်ပြီး ဆက်လိုက်ပါ လား။ ဒါဆို တောင်ရှည်ပုဆိုး
ဖြစ်ကရော"
ဒီလို အကြံပေးလိုက်တော့ သူ တွန့်သွားတယ်။ သူ့အမ ထမီကို မထိရဲတော့၊ သူ့အဘိုးရဲ့
အညိုရောင် ဘန်ကောက်ပုဆိုးကြီး ယူလာပါတယ်။ တကယ့် တောင်ရှည်ပုဆိုးကြီးပါ။
"ဟာ…ဘဲဒီးဂွတ်။ ဒါမှ မင်းသားပုဆိုးကွ။ ဘော်ကြယ်လေးတွေ ထိုး လိုက်ရင် မီးရောင်အောက်မှာ
တလက်လက်နေမှာဟေ့။ ချိတ်လုံချည် နှစ်ထည် စပ်ရင် အရောင်က တစ်ထပ်တည်း ဟပ်ချင်မှ ဟပ်မှာ"
ဒါကမှ တကယ်ကောင်းတာဆိုတော့ ကလေးလည်း ကျေနပ်၊ လုပ်ငန်း တစ်ခုလည်း ပြတ်ကရောပေါ့။
ဆရာမဒေါ်ခင်ထွေးက 'တတ်လည်း တတ်နိုင်ပါ ပေ့' ဆိုတဲ့ မျက်နှာပေးနဲ့ "ပေး…ပေး၊ ဆရာမ
ဘော်ကြယ်လေးတွေ ထိုးပေးမယ်" ဆိုပြီး တာဝန်ယူလိုက်ပါတယ်။
အကနည်းပြ ဒေါ်သြဘာလင်းက မင်းသမီးသစ်နဲ့ အကတိုက်ပေးနေ တာ နှစ်ရက်ရှိပြီ။ ဟိုတစ်ယောက်က
ခုထိ အကောက်မပြေသေးဘူး။
မင်းသမီးသစ် ပြောင်းရတဲ့အကြောင်း ဆရာမကြီးကို ပြောပြတော့ သူ့ 'ယော'သံဗြဲကြီးနဲ့
ရယ်လိုက်တာလေ။
"ပြန်လာမှာပါ…မောင်၊ ကြည့်နေပါ။ ဒါပေမယ့် ဒီလိုပြောတာများဖြင့် သူမသိစေနဲ့။
နို့မို့ ကောက်နေရာက ကွေးသွားဦးမယ်"တဲ့။
နှစ်ရက်လောက် အောင့်ပြီးတော့ မယ်မာမာဦး ရောက်လာပါပြီ။ ဒါပေ မယ့် အိမ်ထဲထိ မဝင်ဘူး။
တံခါးကွယ်ကနေ ချောင်းကြည့်နေတာပါ။ ပြန်ကမယ် လို့တော့ ဘယ်တော့မှ ပြောမယ့် ကောင်မ မဟုတ်ဘူး။
အထဲက မင်းသမီးရှည်ကြီးကလည်း နှစ်ရက်ပဲ ရှိသေး၊ တော်တော် ကတတ်နေပြီ။ စာသာ မရ ရှိရမယ်၊
ကရမယ်ဆို လာခဲ့။ 'မ' ဗီဇကိုး။
"ဆရာ…၊ ကျမက နှစ်ပိုဒ်တောင် အကတိုက်ပြီးပြီ"
"အေးပါဟ…၊ နင်ပဲ က'ရမှာပေါ့။ ပွဲမပျက်အောင် နင်ကူထားတာ။ သူလာမှ ဘာလို့ဖယ်ရမှာလဲ"
"မာမာဦး…သူငယ်ချင်း၊ လာလေ…အကတိုက်ရအောင်"
သူငယ်ချင်း နှစ်ယောက်က ခေါ်ပေမယ့် မာမာဦးက မလာပါဘူး။ အထာကို သိနေတဲ့ ဆရာမဒေါ်ခင်စန်းလင်းက
စပ်ဖြီးဖြီးနဲ့ မျက်စေ့မှိတ်ပြပြီး ထွက်ခေါ်ရတယ်။
"ဟဲ့…မာမာဦးလေး၊ အမယ်လေး ငါ့မှာဖြင့် ညည်း စောင့်နေရတာ။ ဟိုဘက်က အကအဖွဲ့တွေက
မြိုင်မြိုင်ဆိုင်ဆိုင် အပြိုင်ကျဲနေကြတာ။ ငါတို့ နှစ်ပါးခွင်က နှစ်ယောက်တည်းမို့ ဗွေးဒုတ်မတွေကို မယှဉ်နိုင် ဖြစ်နေတာအေ့။ ညည်း က'တော့ မြိုင်ထ၊ မြိုင်မြိုင်ဆိုင်ဆိုင် ကကြရမှာ။
ငါ့မှာ အခုမှ ဝမ်းသာ ရတော့တယ်။ ညည်းက ဗီဇလေးလည်း ရှိတော့ ခဏသင်ရမှာဟေ့၊
လာ…လာ" ဆိုပြီး မြှောက်ပြောလေးနဲ့ ထွက်ခေါ်တော့
ကောက်ကြောလေး ပြေပြီး-
'ဆရာမကြီးကို အားနာလို့'ဆိုတဲ့ မျက်နှာပေးနဲ့ အက ဝင်တိုက်ပါတယ်။ ခုတော့လည်း ကွေးနေအောင်
မကောက်တော့ပဲ ကွေးနေအောင် က'လိုက်ကြတာ လေ…။
"သင်း…တပျံ့ပျံ့×××ဆင်းရနံ့က ကြိုင်စွာ၊ လှိုင်စွာ ×××"
No comments:
Post a Comment