MLM S
တမူးအ.ထ.က ဆရာအတတ်သင်ကျောင်းကြီး
-------------------------------------------------
ဦးတင်အောင်ရဲ့ ရွှေညောင်ပင် လ္ဘက်ရည်ဆိုင်ဟာ ဝန်ထမ်းပေါင်း
စုံတဲ့ နေရာပါ။ မြို့ကလည်း
သေးသေး၊ ဆိုင်နေရာကလည်း ရုံးပေါင်းစုံရဲ့ အလယ်မှာဆိုတော့ တစ်မြို့လုံးက ဝန်ထမ်းတွေ
တွေ့ကြဆုံကြ၊ အလ္လာပသလ္လာပ ပြောကြဆိုကြ၊ အပန်းဖြေကြတဲ့ ဘုံရိပ်သာလေးပါ။
အ.ထ.က
အုပ်စုကလည်း မသေးပါဘူး။ ကိုထွန်းလင်း၊ ကိုဇော်လင်း၊ ဆရာစော(ဦးအောင်စောဝေမြိုင်)၊
ကိုတင်ဝင်း၊ ဦးချစ်သိန်း(ကပူး)၊ ဦးမာစိန်၊ ဦးမာ၊ ကိုမြင့်ဆွေ၊ ကိုသန်းနဲ့
ကိုလှမြင့်(မေးချွန်း) အားလုံး မုံရွာ၊ မန္တလေးဘက်ကနေ တမူးမှာ လာဆုံနေကြတဲ့ ဆရာအုပ်စုပါ။
လက်ရှိရာထူးအတွက် အသစ်ခန့်နဲ့ ရာထူးတိုးတွေချည်းမို့ ဘယ်သူ့ဘယ်သူကိုမှ ဝါရင့်ဆရာကြီးလို့
မပြောနိုင်ပါဘူး။
တစ်နေ့နံနက်
ဦးတင်အောင်ဆိုင်မှာ ဦးကြံဖေက ကျွန်တော်တို့ ဆရာအုပ်စုကို ကြည့်ပြီး ကျီစယ်ပါတယ်။
"ကျွန်တော်တို့
တမူးကျောင်းကြီးကတော့လားဗျာ ဆရာအတတ်သင် ကျောင်းကြီးပါပဲ"
"ဘာလို့လဲဗျာ"
"ဒီလိုဗျာ…ဆရာတို့လို
ဆရာအသစ်စက်စက် ကလေးတွေကို ပို့လိုက်၊ ဒီမှာ လေ့ကျင့် သင်ကြားကြ။
ကျွမ်းကျွမ်းကျင်ကျင် သင်တတ်ကြပြီဆိုတော့ ပြောင်းသွားကြ။ ဒီတော့ ကျွန်တော်တို့
တမူးကျောင်းကြီးက ဆရာအတတ် လေ့ကျင့်ရာ ဆရာအတတ်သင်ကျောင်းကြီး
မဟုတ်ပေဘူးလားဗျာ"
အမှန်ဖြစ်နေတော့
သွားချဲလေးတွေကိုယ်စီနဲ့ ပါးစပ်လေးတွေဖြဲပြီး တဟဲဟဲနဲ့ ရယ်နေလိုက်ကြရပါတယ်။ ဒီဆရာလေးတွေကို
မနှစ်မြို့လို့ မဟုတ်ပါဘူး။ ဒီဆရာတွေရဲ့ တက်ကြွမှုကိုလည်း သိနေကြတာပါ။ ဘာလုပ်ကြမယ်ဟေ့ဆို
ဆရာနဲ့ကျောင်းသား တက်ညီလက်ညီ တအုန်းအုန်း၊ တရုန်းရုန်း၊ တပြုံးပြုံး လုပ်ကြတာကလား။
ဒီဆရာတွေ လက်ထက်မှာ ကျောင်းပြေးကျောင်းပျက် အင်မတန် နည်းပါတယ်။ ကျောင်းကို
စောစောသွား၊ နောက်ကျမှ ပြန်ကြတဲ့ ခေတ်ပါ။ ကျောင်းသားကျောင်းသူ ကျောင်းပျော်ကြတဲ့
ကာလပါ။ ညီငယ်တွေကို ကျီစယ် စကားဆိုပြီး စလိုက်တဲ့ သဘောပါပဲ။
မိဘတစ်ဦးရဲ့
ရင်တွင်းခံစားချက်ကိုလည်း သဘောပေါက်မိပါတယ်။ သားတွေ၊ သမီးတွေကို
အသင်အပြကောင်းကောင်း ကျွမ်းကျင်ဝါရင့်တဲ့ ဆရာကြီးတွေနဲ့ ပညာသင်စေချင်ရှာမှာပေါ့။
အဲဒီခေတ်က
မိဘတွေကလည်း သားသမီးကို မုံရွာ၊မန္တလေးပို့ပြီး အထက်တန်းကျောင်း ထားတာမျိုး မရှိပါဘူး။
သူတို့မွေးလိုက်တဲ့ ကလေးအားလုံး တမူးကျောင်းကိုပဲ ပို့လိုက်ကြတာပါ။
ဦးကြံဖေကြီးလည်း သားကြီး တင်မောင်ဦးအစ တင်မောင်ဆွေ၊
ခင်လေးဆွေ၊ တင်မောင်ထွန်းနဲ့
နောက်ထပ် အငယ်မလေး မိုးစံ၊ အားလုံး… အားလုံး ကျွန်တော်တို့ လက်ထဲ
ပုံအပ်လိုက်ရတာလေ။
ကျွန်တော်တို့တွေကလည်း
ကျောင်းခေါ်ချိန် ခေါ်နည်းကအစ သင်ယူကြရတုန်း။ မနက်ပိုင်း တစ်ခြစ်၊ နေ့လည်ပိုင်း တစ်ခြစ်။ လချုပ်၊
နှစ်ချုပ် ဘယ်လို ချုပ်ရမယ်၊ ကျောင်းဝင်နံပါတ်တွေ စစ်ဆေးဖို့၊ အကြီးအသေးစီဖို့၊
သေးသေး မွှားမွှားပေမယ့် အမျိုးအမည်က အများသား။ ကျောင်းမှာတုန်းက ဘယ်မှာ သင်ခဲ့ရမှာလဲ။
လက်တွေ့ကြုံမှ သင်ရတဲ့ အတွေ့အကြုံတွေလေ။
သင်ကြားရေးမှာလည်း
ဘာသာရပ်ဆိုင်ရာ မသိတာတွေ ကိုယ်က မပို့ချခင် ကြိုတင် မေးရမြန်းရတုန်း။ ဆရာစံ၊
ဦးဉာဏ်ထွန်း၊ ဦးအေးကို၊ ဦးတင်ဦး၊ ဒေါ်ခင်ထွေး၊ ဒေါ်မူမူမိုး၊
ဒေါ်ခင်စန်းလင်းတို့က ကျွန်တော့်အတွက်
လုပ်ငန်းခွင်က သင်ပြနည်း
ဆရာကြီး၊ ဆရာမကြီးတွေပါ။
ဆရာဦးတင်ဦးက
စာမေးပွဲဆိုင်ရာ လုပ်ငန်းတွေကို ခိုင်းလည်းခိုင်း ရှင်းလည်းပြတယ်။ ကျွန်တော်ကလည်း "ကျွန်တော် ဘာလုပ်မေးရမလဲ"မေးပြီး ကူလုပ်ပေးပါတယ်။ စာသင်ရုံသက်သက်မှ မဟုတ်ဘဲ။
ရှုပ်လိုက်တာပါလား။
အားကစားလုပ်ငန်းတွေ၊
ဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း ကျွန်တော်တို့ စွမ်းသလောက် အကုန် လုပ်ခဲ့ကြပါတယ်။
လုပ်သမျှကိုလည်း စေတနာပါပါနဲ့ လုပ်ခဲ့ကြတာမို့ ဆရာတပည့်တွေ တအုန်းအုန်း၊
တရုန်းရုန်း ကျောင်းကြီးကို စည်လို့။ အဲဒီတော့ ကလေးတွေ အမြင်မှာ ကျောင်းဆရာ၊ဆရာမ လုပ်ရတာ
ပျော်စရာကြီးလို့ မြင်ခဲ့ကြလေသလား…မသိ၊ ဦးကြံဖေ့ သားတွေ၊ သမီးတွေ၊ ချွေးမတွေ၊
ရပ်ကွက်ထဲက တူ၊ တူမတွေဟာ ဆရာ၊ဆရာမတွေ ဖြစ်ကုန်ကြတော့တာပေါ့။
·
လွန်ခဲ့တဲ့
နှစ်သုံးဆယ်က ကျွန်တော့်တပည့်တွေကို အခုတွေ့တော့
သူက အမှတ်(၁)မှာ-
သူတို့က အ.ထ.က မှာ-
အောက်ကျင်းကျောင်းမှာ-
သူတို့ကတော့ ဦးထန်းလျန်ကျောင်းမှာ
ဆရာတွေ…ဆရာမတွေတဲ့။
သူတို့အားလုံး တမူး အ.ထ.က ထွက်တွေပေါ့။
သူက အမှတ်(၁)မှာ-
သူတို့က အ.ထ.က မှာ-
အောက်ကျင်းကျောင်းမှာ-
သူတို့ကတော့ ဦးထန်းလျန်ကျောင်းမှာ
ဆရာတွေ…ဆရာမတွေတဲ့။
သူတို့အားလုံး တမူး အ.ထ.က ထွက်တွေပေါ့။
·
'ဒီကနေ့
…ဆယ်ကျော်သက်တပည့်များရဲ့ ဆရာဟာ
လွန်ခဲ့သော နှစ်သုံးဆယ်က
ကျွန်တော့်ရဲ့ဆယ်ကျော်သက်တပည့်တွေ ဖြစ်ခဲ့ရင်…
လွန်ခဲ့သော နှစ်သုံးဆယ်က
ကျွန်တော့်ရဲ့ဆယ်ကျော်သက်တပည့်တွေ ဖြစ်ခဲ့ရင်…
·
နောင်နှစ်သုံးဆယ်မှာ
ဆယ်ကျော်သက်တပည့်တွေကို စာသင်နေမယ့် ဆရာဟာ
ဒီကနေ့…ဘယ်ဆရာတွေရဲ့ တပည့်လဲ…။
ဆယ်ကျော်သက်တပည့်တွေကို စာသင်နေမယ့် ဆရာဟာ
ဒီကနေ့…ဘယ်ဆရာတွေရဲ့ တပည့်လဲ…။
မောင်မောင်မြင့်(မန္တလေး)
ဆရာpost ကို ခုမှဘဲဝင်ကြည့်လို.ရတယ်။နေ.လည်ကဆရာဦးဇော်လင်းပြော
ReplyDeleteတာနဲ.ထပ်ရှာကြည့်တာ။ ဖုန်းထဲမှာ FONT မပေါ်ဘူး။နောက်ကျွန်တော်လိုင်းက အိန္ဒိယလိုင်းဆိုတော့ကောင်းလိုက်မကောင်းလိုက်ပါဘဲ။MPT နဲ.အပြိုင်ပဲ၊
နောက်ကျကျန်နေမှာစိုးလို.တာ အားခဲပြီးကြည့်နေတာ၊ရှာဖွေလေတွေ.ရှိလေဘဲ။စကားမစပ် ကြည်လွင်ကြီးတော့ဆုံးပြီ၊မနက်ဖြန် ရက်လည်ထင်တယ်ဆရာ။
မနေ့ကတည်းက reply လုပ်တာ။ မီးပျက်ပျက်သွားလို့။ ကြည်လွင်အကြောင်း ကြားရလို့ စိတ်မကောင်းပါ။
Deletepdf အကြောင်း မသိသေးပါ။
post ထဲမှာ pdf file တင်နည်း ရှာတုန်းပဲ။
သိရင် ပို့လိုက်ဦး။