တမူးမြို့ရဲ့ ရာသီဥတုက ပြင်းထန်တဲ့ အမျိုးအစားပါ။ နွေရာသီမှာ တော်တော်ကြီးပူ၊ ဆောင်းရာသီမှာတော့ တော်တော်အေးပြီး၊ မိုးတွင်းခါမှာတော့ မိုးတွေ သဲကြီးမဲကြီး ရွာတတ်ပါတယ်။ မိုးအိုက်တဲ့ နေ့များဆို ချွေးပြိုက်ပြိုက် ကျ နေတော့တာ။
အငယ်တန်း၊ ကလေးတန်းတွေမှာ ချွေးနံ့၊ ချေးနံ့လှိုင်တာ ခုတော့… မင်းတို့ကိုယ်တိုင် ဆရာ၊ ဆရာမတွေ ဖြစ်ပြီဆိုတော့ သတိထားမိကြပြီပေါ့။ ဒါပေမယ့် ကလေးချွေးနံ့ထက် လူကြီးချွေးနံ့က ပိုဆိုးတာပေါ့။ အရက်ချိုး၊ ဆေး လိပ်ချိုး၊ ကွမ်းချိုးနံ့တွေဆိုတော့ ဘာ…ပြောကောင်းမလဲ။
ကျွန်တော် ဆေးလိပ်တအားသောက်တာ သူတို့အသိပါ။ ဘော့လုံး ပြိုင်ပွဲ တစ်ဝက်နားချိန်၊ မောနေတာကို ဆေးလိပ်ငွေ့လေး ရှူလိုက်ရမှ အမော ပြေတယ် အောက်မေ့တာ။ မီးခြစ်ချွေတာပြီး ဆေးလိပ်ချင်း မီးကူးသောက်ခဲ့ တာပါ။
မိုးအိုက်လို့ အတန်းထဲမှာ ချွေးနံ့လှိုင်ရင် ကလေးချွေး၊ လူကြီးချွေး လုံးနေတာပေါ့။ ဒါပေမယ့် ပြောခဲ့သလို ဆေးလိပ်ချွေးနံ့က ပိုဆိုးတာပေါ့။ သူတပါးမဆိုနဲ့ ကိုယ့်အနံ့ ကိုယ်တောင် မခံနိုင်ပါဘူး။ အင်္ကျီချွတ်သလို ခွာချ ထားခဲ့လို့ မရတော့ ဒီလိုပဲ နေမိတော့တာပေါ့။ ကိုယ်တိုင်ကတော့ မိုးအိုက်မှ သတိထားမိပါတယ်။ ဆေးလိပ် မသောက်တဲ့ ကလေးများ၊ နှာခေါင်းအသစ် ကလေးများကတော့ ရာသီမရွေး သတိထားနေမိကြမှာပေါ့။
(၉-၁၀)အကြီးတန်းတွေက လူမှုရေးသဘောလေးလည်း သိတော့ ဘာမှ မပြောကြပါဘူး။ ဆရာမို့ သည်းခံပေးကြပါတယ်။ သည်းငြီးမခံနိုင်တဲ့ အတန်းရှိတယ်။ ကျွန်တော်ပိုင်တဲ့ (၇)တန်း B ခန်း။
"ဆရာကြီး…ဆေးလိပ်လျှော့သောက်အုန်းဗျ၊ နံနေတာပဲ"
ခင်ဖြူဝင်းက ပြာကျလောက်အောင် မျက်စောင်းထိုးပြီး ပြောပါတယ်။ စကားတံဆာမပါ ဒဲ့ဒိုးပြောတာပါ။
သူအစဖော်တော့ ရှေ့တစ်တန်းလုံးက "ဟုတ်တယ်၊ ဟုတ်တယ်"နဲ့ ထောက်ခံကြတာပေါ့။ မှန်တာကိုပြောရဲရမယ်လို့ မြှောက်ပေးထားတဲ့အတန်း မဟုတ်ပါလား။
"ဟေ…ဟုတ်လား၊ အေးပါဟ၊ ငါလျှော့သောက်ပါ့မယ်"
ဆေးလိပ်လျှော့ပြီး ရလဒ်အကျိုးကို အနံ့ခံကောင်းတဲ့ ကျွန်တော့် တပည့်တွေကို မေးရပါတယ်။
"ဟေ့…ဘယ်လိုလဲ၊ ငါ ဆေးလိပ်လျှော့ထားတယ်"
"နံတုန်းပဲ"
ထပ်လျှော့ရပြန်တယ်။
"ခုရော"
"ဒါလောက်ဆို တော်သေးတယ်"
"အေးပါဟာ…၊ ငါလုံးဝမဖြတ်နိုင်လို့ပါ။ နင်တို့တော့ အားနာပါတယ်"
အနံ့ခံကောင်းတဲ့ ကျွန်တော့်တပည့်များက ဆေးလိပ်သောက်ရမယ့် ပမာဏကို မကြာမကြာ သတိပေး ကန့်သတ်ခဲ့ကြတာပါ။
အခုတော့ ကျန်းမာရေးကြောင့် ဆေးလိပ်ပြတ်သွားပါပြီ။ ဒါပေမယ့် ချွေးနံ့ဆိုတာကတော့ ဘယ်မှာမွှေးနိုင်မှာလဲ။ အသက်ကြီးလာရင် ဖြစ်နိုင်သမျှ သန့်သန့်ပြန့်ပြန့် နေဖို့လိုတယ်။ မရင်းနှီးသူတွေကြားမှာ နှာခေါင်းရှုံ့စရာမျိုး မဖြစ်ဖို့လိုတယ်။ ဒါကြောင့်…အခုတစ်ခေါက် တမူးရောက်တော့ ကျွန်တော့်ကို ပေးတဲ့ လက်ဆောင်တွေထဲမှာ အမွှေးနံ့သာတွေ တွေ့ရတော့-
No comments:
Post a Comment