Sunday, March 24, 2013

အသံလုံကျောင်းဆောင်ကြီးများ


ကျောင်းင်းကြီးကို မြင်ရပြီ။ အပြောင်းလဲကြီး ပြောင်းနေပါပြီကော။ ချင်းတွင်းဆောင်၊ ခမ်းပတ်ဆောင်၊ ကဘော်ဆောင်နှင့် ဂေါမုဏ္ဏဆောင်၊ သစ်သားဆောင်ဟောင်းကြီးများ နေရာတွင် သပ်ယပ်ခန့်ညား လှပသော အုတ် ကျောင်းဆောင်များက နေရာယူထားကြပြီ။
နံက်ပိုင်း စုေးသဘင်ကွင်း၊ ညနေပိုင်း ဘော့လုံးကွင်းအဖြစ် အသုံး ပြုခံခဲ့သော ချင်းတွင်းဆောင်ရှေ့က ကွင်းပြင်ကျယ်လည်း တိုးချဲ့ဆောင်များ အတွက် နေရာပေးလိုက်ရပြီ။
ယခင်က ညနေကျောင်းဆင်းလျှင် ဤကွင်းမှာ ကစားခုန်ပေါက်သူ များဖြင့် စည်ကားလှပါသည်။ တော်တော်နှင့် လူမစဲ။
ကျွန်တော်နှင့်ကျောင်းသားများ ဘော့လုံးကန်ကြ၊ ပြေးကြလွှားကြ၊ ခုန်ကြ ပေါက်ကြ၊ ပင်ပေါင်ရိုက်သူ ရိုက်ကြ။
ကျောင်းအင် လမ်းမဘေးမှာ ကျောင်းသူတွေကလည်း ဖန်ပေသီး ပစ်သူ ပစ်ကြ၊ ငြင်းကြ ခုံကြ။
ဆရာဦးသန်းဆွေက ဆေးတံကြီးခဲလျက် ညနေစာ ထမင်းချက်ရင်း ရံတာမှလည်းကောင်း၊ နေ့ပိုင်းကတည်းက ချက်ပြီးပြုတ်ပြီး ဖြစ်နေသော ကျောင်းအုပ်ကြီးကတော် မမတင်က ပြူတင်းပေါက်ခုံမှာ ထိုင်လျက်လည်း ကောင်း၊ ဘော့လုံးပွဲကိုလည်း ကြည့်ကြသည်။ မိန်းကလေးများ ပေသီးပစ် လောင်းကစားကိုလည်း ရှုကြသည်။
ဘော့လုံးကွင်းထဲမှာ ဘော့လုံးကို လှမ်းတောင်းသံ၊ ပေးပို့သော ဘော့လုံးကို မတားနိုင်၍ စိတ်ဆိုးမာန်ဆိုး ဆဲသံ၊ ဘော့လုံးကို အလည်ထား ဟိုဘက်သည်ဘက်အုန်းကနဲ ပစ်ကြုံးသံ၊ ပွက်လောညံနေတတ်ပါသည်။
ဖန်ပေသီိးုင်းတွင် ဂျပုမစမ်းစမ်းညို ဒိုင်ဗင်ထိုး၍ ပစ်သည်ကို မှန်တယ်၊ မမှန်ဘူး။ ရတယ်၊ မရဘူးငြင်းနေသော စမ်းစမ်းညိုနဲ့ မော်ရီ၏ အသံ။ မငြင်းတတ် မငြင်းရဲ၍ ပေသီးကိုင်လျှက် ရပ်ကြည့်နေသော လှချိန်နဲ့ အိုင်ကျူး တို့ကိုလည်း ကျောင်းအုပ်ကြီး၏ဂရင်းစတင်းမှ အထင်းသားမြင် နေရသည်။
သို့နှယ် ဆော့ကြ၊ ကစားကြ၊ ပြေးကြ၊ လွှားကြ၊ နေအေးမှ အိမ်ပြန် သွားတတ်ကြသည်မှာ ဤကျောင်းတော်ကြီး၏ ဓလေ့မဟုတ်ပါလော။
ချင်းတွင်းဆောင် နောက်ကျောမှ မြင့်နိုင်ကြီး၏ မုန်ညင်းစိုက်ခင်း နေရာလေးကိုလည်း အမှတ်တရကည့်လိုက်ရသေးသည်။
ချင်းတွင်းဆောင် အောက်ထပ် ဒေါင့်ခန်းကျဉ်းကျဉ်းလေးသည် ယခင် က ဆရာ၊ ဆရာမများ နားနေခန်းဖြစ်ပါသည်။ လုပ်အားပေးများ အပါအင် တစ်ကျောင်းလုံး သည်အခန်းမှာပဲ နားကြသည်။ လူနည်းလို့ ဆန့်လည်းဆန့် ပါသည်။
ခင်မောင်ကျော်၊ မင်တို့ အခု ဘယ်လိုနားကြ၊ နေကြလဲ
လူများလာတော့ တစ်နေရာထဲ မရဘူးဆရာ။ အုပ်စုလိုက် ခွဲပြီး နေကြရတာ။ တစ်ခါတစ်လေ ဘယ်သူလာတယ်၊ မလာဘူး ဆိုတာတောင် သတိမပြုမိတဲ့ နေ့တွေ ရှိတယ်ဆရာ
ဟုတ်ပေမည်။ ယခင်က ကျောင်းသားလေးရာကျော် ငါးရာနီးပါးမှ ယခု ၂၀၀၀ကျော် ဖြစ်လာတော့ ဆရာ၊ဆရာမ ဦးရေလည်း များလာမှာပေါ့။
စာသင်ခန်းများကိုလည်း လွမ်းမောစွာ လှည့်ပတ်ကြည့်မိပါသည်။
ကျွန်တော်တို့ အရင်ခေတ်တုန်းက အသံမလုံပါ။ပါတီးရှင်းများ ကန့်ပြီး သင်ရတာ။ အာပေါက်လောက်အောင် အော်အော်ပြီး သင်ရပါတယ်။
အရင်တုန်းက ဟိုဘက်ခန်း၊ သည်ဘက်ခန်း လှမ်းကျော်ပြီး မြင်နိုင် တယ်။ပါတီးရှင်းတွေက သိပ်ပြီးမမြင့်တော့သံကြားရုပ်မြင်စာသင်ခန်းကြီး တွေနဲ့ သင်ကြရတာလေ။ တစ်ဘက်ခန်းက ဘယ်သူ့အချိန်လဲကလေးတွေ စာဖတ်နေကြသလားဆော့နေကြသလား။ လှမ်းကြည့်လို့ရ၊ မြင်လို့ရနေတော့ လိုအပ်င် တစ်ဦးနှင့်တစ်ဦး ကူညီနိုင်ကြတာပေါ့။
ဆရာဘာလို့လဲ
ပါတီးရှင်းပေါ်က ကျော်ပြီး ပေါ်လာတဲ့ ဆရာလေး ကိုဇော်လင်းရဲ့ မျက်နှာကိုမြင်လို့ ဆရာမလေး မညွန့်မေ အထိတ်တလန့် မေးမိပါတယ်။
ဟော်၊ ကလေးတွေများ ရန်ဖြစ်နေကြသလားလို့ပါ
အခုတော့ အသံလုံခန်းကြီးတွေနဲ့ ဆရာ၊ဆရာမများ သက်သောင့် သက်သာ စာသင်နိုင်ကြပြီးပေါ့။ အသံလုံလို့ မ်းသာရပေမယ့် မြင်ကွင်းလုံ အခန်းနဲ့ သင်နေကြရတဲ့ ဆရာ၊ဆရာမငယ်တွေ ကိုယ့်အခန်းထဲမှာ တစ်စုံ တစ်ရာ ပြဿနာပေါ်င် အကူအညီမရ ကိုယ်တိုင်ရှင်းကြရတော့မှာမို့
ဦးဇော်လင်းနဲ့ ဒေါ်ညွန့်မေရေခုခေတ် တမူးကျောင်းက ဆရာ၊ ဆရာမငယ်လေးတွေ သနားဖို့ မကောင်းပေဘူးလားကွယ်။

No comments:

Post a Comment