Sunday, March 24, 2013

ကလေးတွေ အ'မှာစိုး




ရောက်စ တစ်ရက်၊ နှစ်ရက် တာန်မရှိသေးတော့ ပျင်းရိရိ။
နောက်တစ်နေ့ရောက်တော့ ဆရာဦးတင်ဦးက အချိန်ဇယားဆွဲပြီး တာန် ခွဲသေတ်မှတ်ပေးပါတယ်။
ါရင့်ဆရာ၊ ဆရာမကြီးများရဲ့ ဖေးမကူညီမှု့ကို ခံစားမိတာကြောင့် ကြောက်ရကောင်းမှန်း မသိပါဘူး။
ကျွန်တော့်ရင်ထဲမှာ အထင်ရှားဆုံး ဆန္ဒတစ်ခုရှိပါတယ်။ အဲဒါက တော့ ငါကျောင်းသားဘက ကြောက်တတ်တယ်။ မပြောရဲ၊ မဆိုရဲ၊ မလာရဲ၊ မသွားရဲ။ ကျောင်းစာတွေသာ ရပြီး နုံနုံအအ စာရင်းင်ခဲ့ရတာ။
 ငါ့တပည့်တွေ ငါလို မအစေရ။ ပြောရဲ၊ ဆိုရဲ၊ လာရဲ၊ သွားရဲ၊ လူရည် လည် ကလေးတွေ ဖြစ်စေရမယ်'ဆိုတဲ့ အတွေးဟာ အထင်ရှားဆုံး ရှိနေတဲ့ ဆန္ဒ တစ်ခုပါပဲ။
"ဆရာ့နာမည် ဦးမောင်မောင်မြင့်ပါ။ မင်းတို့ရဲ့ အတန်းပိုင်ဆရာပါ။ ဆရာတို့တွေ အချင်းချင်း ရင်နှီးသွားအောင်လို့ မင်းတို့ရဲ့ နာမည်လေးတွေ တစ်ယောက်ချင်း ထပြီး မိတ်ဆက်ပေးပါ။ ကဲ… ရှေ့တန်းက စမယ်"
တစ်ယောက်ချင်း ထပြီး မိတ်ဆက်ကြပါတယ်။ ကိုယ့်အမည်ကိုယ် ပြောလည်း ရယ်တာပဲ။ သူများအမည် နားထောင်ပြီးလည်း ရယ်ကြတာပဲ။ သူများကို ရယ်ပြီး၊ ကိုယ့်ကိုရယ်တော့ မျက်စောင်းထိုးသူလည်း ပါတယ်။
ရှက်ကိုးရှက်ကန်းပြောသူ၊ ခပ်ပြတ်ပြတ်ပြောသူ၊ အသံကျယ်သူ၊ အသံတိုးသူ၊ ရွံ့တွန့်တွန့်ပြောသူ၊ ပြောင်ချော်ချော်ပြောသူ၊ စရိုက်စုံတွေ့ရ ပါတယ်။ မြန်မာ၊ ချင်း၊ ဂေါ်ရခါးနဲ့ 'ဆာရာ'လို့ခေါ်တဲ့ 'နာဂ'မလေး တစ်ယောက် လည်း ရှိနေတော့ တိုင်းရင်းသားလည်း မျိုးစုံပေါ့။
"အသံလေး ကျယ်ကျယ်ပြော၊ ဆရာ မကြားရလို့"
ကလေးမလေးတစ်ယောက် အသံမကြားရလို့ အသံလေးကျယ်ဖို့ ပြောလိုက်တော့ နောက်တစ်ကြိမ် ထပ်ပြောတာလည်းလည်း မကြားရပါဘူး။
"ဟွိုင်ခိုနင်တဲ့ ဆရာ"
သူ့ကိုယ်သူ သန်းနွယ်လို့ မိတ်ဆက်ထားတဲ့ ကလေးမက အားမလို အားမရဖြစ်ပြီး ရှေ့နေလိုက်ပေးပါတယ်။
ဒီလိုနဲ့ နောက်ဆုံးတန်းမှာ မေးသိုင်းကြိုးပါ သက္ကလပ်ဦးထုပ်ညိုကြီး ဆောင်းထားတဲ့ ကျောင်းသားက 'သန်းထွန်း'ဆိုတဲ့ စကားနဲ့ မိတ်ဆက်ပွဲကို အဆုံးသတ်လိုက်ပါတယ်။
"အေး…အေး၊ ကဲ… အခု ဆရာတို့ တစ်ဦးနဲ့တစ်ဦး နာမည်တွေ ပြောပြီး ရင်းနှီးသွားကြပြီ။ မင်းတို့တွေ စာသင်ရင်း မရှင်းတာရှိရင် မေးပါ။ ဆရာ့ ဘာသာရပ်တင် မဟုတ်ပါဘူး၊ ဆိုင်ရာဆိုင်ရာ ဆရာ၊ ဆရာမတွေကို မေးကြပါ။ မကြောက်ပါနဲ့။ ဆရာပြောတာက မင်းတို့သိထားတာနဲ့ လွဲနေခဲ့ရင် ဆွေးနွေး ငြင်းခုံခွင့် ပေးပါတယ်။ ဒါပေမယ့် မင်းတို့ငြင်းတာ မှားနေရင်တော့ အမှန်ကို ပြောင်းပြီး မှတ်ပေးရပါမယ်။ အဲ…ဆရာပြောတာ မှားနေရင်လည်း မှန်နေတဲ့ မင်းတို့ဘက်ကို ဆရာကိုယ်တိုင် ပြောင်းလာမှာပါ"
(၂)ပတ်ခန့်ကြာသော်… ဆရာမထွေးက မေးလာချေပြီ။
"ဥိးမောင်မောင်မြင့်၊ တော့် ကလေးတွေကို ဘာတွေ မြှောက်ပေးထား လဲ"
"ဗျာ…၊ ဘာလို့လဲ၊ မြှောက်မပေးရပါလား"
"ရော်…၊ ဘာမဟုတ်ရမှာလဲ။ ခင်ဗျားကလေးတွေပေါ့၊ ဘယ်ဆရာ ဝင်ဝင်၊ တောင်မေးမြောက်မေး၊ တောအော်တောင်အော်၊ ထော်လော် ကန့်လန့် မောင်ရေ့…။ တစ်စက်ကလေးမှ မကောင်းဘူး။ အမြင်ကပ်စရာကြီး"
'မသိလျှင်မေး၊ မစင်ဆေး'ဆိုသော အခွင့်အရေးကို တွင်တွင်ကြီး အသုံးချနေကြပေပြီ။
ပြက်ချော်ချော် ပြောင်စပ်စပ်အတွက် သိန်းလွင်နဲ့ အောင်မြင့်ရီ-
သံပြတ်၊ ထောင့်မကျိုးသောပုံစံအတွက် အောင်ကိုနဲ့ သာချို-
မြှောက်ထိုးပင့်ကော်အတွက် စန်းဝင်းနဲ့ မောင်လွင်-
မမြင်ကွယ်ရာမှ စူးစူးဝါးဝါး ထွက်လာတတ်သော အသံအတွက် ခင်မောင်ဝေတို့ကို စိတ်ထဲမှ ပြေးမြင်လိုက်မိပါတယ်။
တကယ်တော့ ကလေးများသည် 'ထုံတုံတုံ၊အတတ'မဟုတ်ကြပါ။
ဒီတစ်ခေါက် တမူးကို ကျွန်တော်အလည်ရောက်တော့ လက်ဦးတပည့် ခင်မောင်ဝေတစ်ယောက်ကို ဒီလို မြင်သိလိုက်ရတယ်လေ။
"အမယ်လေး…လေး…ဆရာရယ်၊ လူမြင်လျှင် ရိုက်ချင်တယ်လို့ ဆရာ တွေ့တိုင်း အမြဲပြောပြောနေတဲ့ အောက်ကျင်းက ခင်မောင်ဝေ…လေ၊ ဆရာရဲ့၊ မှတ်မိရဲ့လား"ဆိုပြီး ပြောလိုက်တာလေ၊ စက်သေနတ်နဲ့ တရစပ်ပစ်နေတဲ့ အတိုင်းပါပဲ။
ဆရာဦးစံမောင်၊ ဆရာဦးတင်ဦး၊ ကျွန်တော့်အကြောင်း။ ဆရာတွေကို ချစ်စနိုး ကျီစယ်နေလိုက်တာ…
ဆရာမထွေးက "ဟဲ့…အဝေ၊ နင်ခု ဘာလုပ်နေလဲ"ဆိုတဲ့ မေးခွန်း တစ်ခုကို မနည်း မေးယူရတယ်။
"လယ်ရာ- ပြန်စားရေးပဲ ဆရာမ"
"ကောင်လေး…နောက်တီးနောက်တောက်နဲ့။ နော့…အသုံးကော လောက်ငရဲ့လား"
"ကျွန်တော် အပိုသုံးချင်ရင်တော့ ကျွန်တော့်မိန်းမ နည်းနည်းပိုပြီး ပင်ပန်းတာပေါ့ ဆရာမရယ်"
ဆရာမထွေးက ကျွန်တော့်ကို ပြုံးပြီး တစ်ချက် လှမ်းကြည့်လိုက် ပါတယ်။
"ကလေးတွေ အ'မှာကို တော်တော်စိုးရိမ်တဲ့ ဆရာကြီး၊ ဘယ့်နှယ် ရှိစ" ဆိုတဲ့ အရိပ်အယောင်ကို လှမ်းမြင်လိုက်ရသလိုပါပဲ။

No comments:

Post a Comment