Sunday, March 24, 2013

အံဆုံးပေါက်သူ




ဦးသောင်းဖေတို့တတွေ မြို့မကျောင်းဝင်းထဲမှာ အလှူပွဲအတွက် ချက်ပြုတ်နေကြတယ်ဆိုလို့ လိုက်သွားတော့ မမောမပန်း နိဗ္ဗာန်လမ်း ခင်းနေ ကြတာ မြင်ရတော့ ဝမ်းသာမိပါတယ်။ အသင်းအပင်း အုပ်စုလိုက်ကြီး ဆိုတော့ တပည့်တချို့ကိုလည်း မြင်တွေ့နှုတ်ဆက်ခဲ့ရပါတယ်။
"ဆရာ…ကျမကို မှတ်မိလား"
လေသံက အောက်ကျင်းလေသံပဲ။ သူ့မျက်နှာကို သေသေချာချာ ကြည့်ပြီး နှစ်၃၀လောက် နောက်ကြောင်းပြန်တော့ 'တုတ်တုတ်ခိုင်ခိုင်' ပုံကနေ တဖြည်းဖြည်း တရေးရေးနဲ့ ပိန်ပိန်သွယ်သွယ်၊ တရှောင်ရှောင် ဖျားနေတတ်တဲ့ 'မိဆန်း'ငယ်ရုပ် ပေါ်လာပါတယ်။ ခုတော့ ကျန်းကျန်းမာမာ၊ ဝဝဖြိုးဖြိုးမို့ တွေ့ရ တာ ဝမ်းသာမိပါရဲ့။
အောက်ကျင်းရပ်က ဦးထုံးရဲ့သမီးကြီး မဆန်းဟာ ဆရာကြီးဦးအုံးမြင့် စစ်ကိုင်းတိုင်းရုံးကို အစည်းအဝေး သွားတဲ့အခါ ဆရာကြီးကတော် 'မမတင်' အဖော်ရအောင်လို့ ဆရာမဒေါ်တင်စိန်၊ မသဲရီတို့နဲ့အတူ လာအိပ်ပေးပါတယ်။
ကျောင်းအုပ်ကြီးကတော် မမတင်က ရန်ကုန်သူဖြစ်ပေမယ့် ဟိတ်နဲ့ ဟန်နဲ့ မနေတတ်ပါဘူး။ ဆရာတွေ၊ ဆရာမတွေနဲ့လည်း ရင်းရင်းနှီးနှီးပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း အမည်ကအစ ညီအကိုမောင်နှမ အုပ်စု လိုက်ကို 'က'စာရင်း မကိုင်ဘဲ သိနေတာ။
ကျောင်းသား၊ ကျောင်းသူတွေ လှုပ်ရှားသွားလာနေကြတဲ့ မြင်ကွင်းကို ပြဇာတ်ရှည်ကြီးအမှတ်နဲ့ သူ့အခန်းပြတင်းကနေ တစ်နေကုန်  ထိုင်ကြည့်ပြီး အပျင်းဖြေ ရတာလေ။
တစ်ည…၊ ညည့်ဦးပိုင်း ဝိုင်းဖွဲ့စကားဝိုင်းမှာ သွားရောဂါအကြောင်း ရောက်သွားတယ်။
"သွားကိုက်တာ တော်တော် ခံရခက်တာပဲ"
"နေ့တုန်းက ဘာမှမဖြစ်၊ ညဘက် ဘာမှ…မတတ်နိုင်တဲ့ အချိန်ကျမှ တစစ်စစ် ကိုက်တာ"
"သွားကိုက်ရောဂါထက် ဆိုးတဲ့ရောဂါ မရှိဘူးထင်ပါရဲ့အေ"
"အမယ်လေး…ငါ အံဆုံးပေါက်တုန်းကဆို ပါးကြီးကို ယောင်ကိုင်းပြီး မခံမရပ်နိုင်ပါပဲအေ။ နနွင်းတွေသိပ်၊ ဆားတွေသိပ်၊ ဒါလဲ မရပါဘူး"
"တချို့ကျ အံဆုံးပေါက်တာ သိတောင် မသိလိုက်ဘူးတဲ့"
"ဘာလဲ…အံဆုံးပေါက်တာ"
အငယ်ဆုံး မိဆန်းက မေးပါတယ်။
မမတင်က ရယ်ပြီး "ဒီကောင်မလေးသိတာ ဘာမှမရှိပါလားဟေ့၊ သွားထဲက ဟိုး…နောက်ဆုံးနေရာမှာ အံသွား ပေါက်လာတာကို ပြောတာ။ သွားဖုံးက သိပ်ထူနေရင် တအားတိုးတော့ နာတာပေါ့အေ။ လူဆိုတာ အံဆုံး ပေါက်ပြီးမှ အရွယ်ရောက်တာ။ ငါဆိုရင် အံဆုံးပေါက်ပြီးမှ ညည်းတို့ ဆရာကြီး ဦးအုံးမြင့်နဲ့ တွေ့တာ။ ဟဲ…ဟဲ"
မမတင် အပြောင်အပျက်ပြောလို့ ရယ်ကြရသေးတယ်။
မရယ်နိုင်တာ မဆန်း။ ဇဝေဇဝါ တအံ့တသြ ဖြစ်နေတဲ့ပုံနဲ့။
"ကျမက သူ့ဘာသာသူ အရွယ်ရောက်တယ် အောက်မေ့တာ၊ ဒီလို မျိုးကြီး အံဆုံးပေါက်မှ အရွယ်ရောက်တာလား"တဲ့။
"အေးပေါ့၊ နင်တို့ဆရာ ဦးမောင်မောင်မြင့်ဆို အံဆုံးမပေါက်သေးဘူး၊ ဒါ့ကြောင့် အရွယ်မရောက်သေးဘူး၊ ဒါ့ကြောင့် မိန်းမ မရသေးဘူး"
မဆန်းရဲ့ ပါးစပ်အဟောင်းသား အံ့သြနေတဲ့ပုံကို ဝိုင်းရယ်ရင်းနဲ့ပဲ ညည့်ဦးပိုင်းစကားဝိုင်း သိမ်းခဲ့ကြပါတယ်။
နံက်မိုးလင်းတော့ အခန်းရှေ့ ဝရံတာမှာ ရေပုံးလေးနဲ့ မျက်နှာသစ် သွားတိုက်နေတဲ့ မဆန်းကိုမြင်ရတယ်။ တချို့တွေ သွားတိုက်တာ မြန်တယ်။ သုံး၊လေးချက်လောက် ပွတ်ပြီး 'ပလွတ်၊ ပလွတ်'ဆို ပါးလုတ်ကျင်းပြီး… ပြီးသွားရော။ တချို့ကျတော့ ပါးစပ် တစ်ခုလုံး အမြှုပ်တွေ တစီစီထအောင် တိုက်တာ။ ဘယ်ညာ၊ ထက်အောက် အတွင်း၊ အပြင် မပြီးနိုင်ဘူး။ စကားများ တောင် ပြောလိုက်ကြသေး။
မဆန်း သွားတိုက်တာ အဲသလောက် မကြာပေမယ့် ကျွန်တော် သွားတိုက် မျက်နှာသစ် ပြီးချိန်ထိ သူမပြီးသေးဘူး။
"ဟေ့…မိဆန်း၊ သွားဖုံးတွေ ပါးပြီးတော့ အံဆုံးမြန်မြန်ပေါက်အောင် တအား ဖိတိုက်နေတာ မဟုတ်လား"လို့ လှမ်းစလိုက်တော့-
"အာ…ဆရာကလည်း၊ မဟုတ်ပါဘူး၊ ဟီး…ဟီး" ရှက်ကိုးရှက်ကန်း သွားတိုက်မျက်နှာသစ်လုပ်ငန်း အဆုံးသတ်သွားပါတယ်။
ကျွန်တော် တမူးကနေ မပြောင်းခင်မှာပဲ တပည့် တော်တော်များများ အိမ်ထောင်ကျခဲ့ကြပါတယ်။ မဆန်းက သွားတိုက်တာ ကောင်းလို့လားမသိ၊ အစောဆုံး အံဆုံးပေါက်သူပါ။
အံဆုံး မပေါက်သေးသူများ ယခင်'မဆန်း'၊ ယခု'ဒေါ်ကြီးဆန်း'ကို ကြုံကြိုက်လျှင်ဖြစ်စေ၊ ကြုံကြိုက်အောင် တမင်လုပ်ဖြစ်စေ၊ တိုးတိုးတိတ် တိတ် ကျိတ်မေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
(မဆန်းရေ… ဆရာတော့ အံဆုံးပေါက်မလားဆိုပြီး တအားဖိတိုက် လိုက်တာ အံဆုံးပေါက်မဲ့ နေရာရဲ့ ရှေ့က အံသွားနှစ်ချောင်း ကျိုးသွားပြီဟေ့)

ကလေးတွေ အ'မှာစိုး




ရောက်စ တစ်ရက်၊ နှစ်ရက် တာန်မရှိသေးတော့ ပျင်းရိရိ။
နောက်တစ်နေ့ရောက်တော့ ဆရာဦးတင်ဦးက အချိန်ဇယားဆွဲပြီး တာန် ခွဲသေတ်မှတ်ပေးပါတယ်။
ါရင့်ဆရာ၊ ဆရာမကြီးများရဲ့ ဖေးမကူညီမှု့ကို ခံစားမိတာကြောင့် ကြောက်ရကောင်းမှန်း မသိပါဘူး။
ကျွန်တော့်ရင်ထဲမှာ အထင်ရှားဆုံး ဆန္ဒတစ်ခုရှိပါတယ်။ အဲဒါက တော့ ငါကျောင်းသားဘက ကြောက်တတ်တယ်။ မပြောရဲ၊ မဆိုရဲ၊ မလာရဲ၊ မသွားရဲ။ ကျောင်းစာတွေသာ ရပြီး နုံနုံအအ စာရင်းင်ခဲ့ရတာ။
 ငါ့တပည့်တွေ ငါလို မအစေရ။ ပြောရဲ၊ ဆိုရဲ၊ လာရဲ၊ သွားရဲ၊ လူရည် လည် ကလေးတွေ ဖြစ်စေရမယ်'ဆိုတဲ့ အတွေးဟာ အထင်ရှားဆုံး ရှိနေတဲ့ ဆန္ဒ တစ်ခုပါပဲ။
"ဆရာ့နာမည် ဦးမောင်မောင်မြင့်ပါ။ မင်းတို့ရဲ့ အတန်းပိုင်ဆရာပါ။ ဆရာတို့တွေ အချင်းချင်း ရင်နှီးသွားအောင်လို့ မင်းတို့ရဲ့ နာမည်လေးတွေ တစ်ယောက်ချင်း ထပြီး မိတ်ဆက်ပေးပါ။ ကဲ… ရှေ့တန်းက စမယ်"
တစ်ယောက်ချင်း ထပြီး မိတ်ဆက်ကြပါတယ်။ ကိုယ့်အမည်ကိုယ် ပြောလည်း ရယ်တာပဲ။ သူများအမည် နားထောင်ပြီးလည်း ရယ်ကြတာပဲ။ သူများကို ရယ်ပြီး၊ ကိုယ့်ကိုရယ်တော့ မျက်စောင်းထိုးသူလည်း ပါတယ်။
ရှက်ကိုးရှက်ကန်းပြောသူ၊ ခပ်ပြတ်ပြတ်ပြောသူ၊ အသံကျယ်သူ၊ အသံတိုးသူ၊ ရွံ့တွန့်တွန့်ပြောသူ၊ ပြောင်ချော်ချော်ပြောသူ၊ စရိုက်စုံတွေ့ရ ပါတယ်။ မြန်မာ၊ ချင်း၊ ဂေါ်ရခါးနဲ့ 'ဆာရာ'လို့ခေါ်တဲ့ 'နာဂ'မလေး တစ်ယောက် လည်း ရှိနေတော့ တိုင်းရင်းသားလည်း မျိုးစုံပေါ့။
"အသံလေး ကျယ်ကျယ်ပြော၊ ဆရာ မကြားရလို့"
ကလေးမလေးတစ်ယောက် အသံမကြားရလို့ အသံလေးကျယ်ဖို့ ပြောလိုက်တော့ နောက်တစ်ကြိမ် ထပ်ပြောတာလည်းလည်း မကြားရပါဘူး။
"ဟွိုင်ခိုနင်တဲ့ ဆရာ"
သူ့ကိုယ်သူ သန်းနွယ်လို့ မိတ်ဆက်ထားတဲ့ ကလေးမက အားမလို အားမရဖြစ်ပြီး ရှေ့နေလိုက်ပေးပါတယ်။
ဒီလိုနဲ့ နောက်ဆုံးတန်းမှာ မေးသိုင်းကြိုးပါ သက္ကလပ်ဦးထုပ်ညိုကြီး ဆောင်းထားတဲ့ ကျောင်းသားက 'သန်းထွန်း'ဆိုတဲ့ စကားနဲ့ မိတ်ဆက်ပွဲကို အဆုံးသတ်လိုက်ပါတယ်။
"အေး…အေး၊ ကဲ… အခု ဆရာတို့ တစ်ဦးနဲ့တစ်ဦး နာမည်တွေ ပြောပြီး ရင်းနှီးသွားကြပြီ။ မင်းတို့တွေ စာသင်ရင်း မရှင်းတာရှိရင် မေးပါ။ ဆရာ့ ဘာသာရပ်တင် မဟုတ်ပါဘူး၊ ဆိုင်ရာဆိုင်ရာ ဆရာ၊ ဆရာမတွေကို မေးကြပါ။ မကြောက်ပါနဲ့။ ဆရာပြောတာက မင်းတို့သိထားတာနဲ့ လွဲနေခဲ့ရင် ဆွေးနွေး ငြင်းခုံခွင့် ပေးပါတယ်။ ဒါပေမယ့် မင်းတို့ငြင်းတာ မှားနေရင်တော့ အမှန်ကို ပြောင်းပြီး မှတ်ပေးရပါမယ်။ အဲ…ဆရာပြောတာ မှားနေရင်လည်း မှန်နေတဲ့ မင်းတို့ဘက်ကို ဆရာကိုယ်တိုင် ပြောင်းလာမှာပါ"
(၂)ပတ်ခန့်ကြာသော်… ဆရာမထွေးက မေးလာချေပြီ။
"ဥိးမောင်မောင်မြင့်၊ တော့် ကလေးတွေကို ဘာတွေ မြှောက်ပေးထား လဲ"
"ဗျာ…၊ ဘာလို့လဲ၊ မြှောက်မပေးရပါလား"
"ရော်…၊ ဘာမဟုတ်ရမှာလဲ။ ခင်ဗျားကလေးတွေပေါ့၊ ဘယ်ဆရာ ဝင်ဝင်၊ တောင်မေးမြောက်မေး၊ တောအော်တောင်အော်၊ ထော်လော် ကန့်လန့် မောင်ရေ့…။ တစ်စက်ကလေးမှ မကောင်းဘူး။ အမြင်ကပ်စရာကြီး"
'မသိလျှင်မေး၊ မစင်ဆေး'ဆိုသော အခွင့်အရေးကို တွင်တွင်ကြီး အသုံးချနေကြပေပြီ။
ပြက်ချော်ချော် ပြောင်စပ်စပ်အတွက် သိန်းလွင်နဲ့ အောင်မြင့်ရီ-
သံပြတ်၊ ထောင့်မကျိုးသောပုံစံအတွက် အောင်ကိုနဲ့ သာချို-
မြှောက်ထိုးပင့်ကော်အတွက် စန်းဝင်းနဲ့ မောင်လွင်-
မမြင်ကွယ်ရာမှ စူးစူးဝါးဝါး ထွက်လာတတ်သော အသံအတွက် ခင်မောင်ဝေတို့ကို စိတ်ထဲမှ ပြေးမြင်လိုက်မိပါတယ်။
တကယ်တော့ ကလေးများသည် 'ထုံတုံတုံ၊အတတ'မဟုတ်ကြပါ။
ဒီတစ်ခေါက် တမူးကို ကျွန်တော်အလည်ရောက်တော့ လက်ဦးတပည့် ခင်မောင်ဝေတစ်ယောက်ကို ဒီလို မြင်သိလိုက်ရတယ်လေ။
"အမယ်လေး…လေး…ဆရာရယ်၊ လူမြင်လျှင် ရိုက်ချင်တယ်လို့ ဆရာ တွေ့တိုင်း အမြဲပြောပြောနေတဲ့ အောက်ကျင်းက ခင်မောင်ဝေ…လေ၊ ဆရာရဲ့၊ မှတ်မိရဲ့လား"ဆိုပြီး ပြောလိုက်တာလေ၊ စက်သေနတ်နဲ့ တရစပ်ပစ်နေတဲ့ အတိုင်းပါပဲ။
ဆရာဦးစံမောင်၊ ဆရာဦးတင်ဦး၊ ကျွန်တော့်အကြောင်း။ ဆရာတွေကို ချစ်စနိုး ကျီစယ်နေလိုက်တာ…
ဆရာမထွေးက "ဟဲ့…အဝေ၊ နင်ခု ဘာလုပ်နေလဲ"ဆိုတဲ့ မေးခွန်း တစ်ခုကို မနည်း မေးယူရတယ်။
"လယ်ရာ- ပြန်စားရေးပဲ ဆရာမ"
"ကောင်လေး…နောက်တီးနောက်တောက်နဲ့။ နော့…အသုံးကော လောက်ငရဲ့လား"
"ကျွန်တော် အပိုသုံးချင်ရင်တော့ ကျွန်တော့်မိန်းမ နည်းနည်းပိုပြီး ပင်ပန်းတာပေါ့ ဆရာမရယ်"
ဆရာမထွေးက ကျွန်တော့်ကို ပြုံးပြီး တစ်ချက် လှမ်းကြည့်လိုက် ပါတယ်။
"ကလေးတွေ အ'မှာကို တော်တော်စိုးရိမ်တဲ့ ဆရာကြီး၊ ဘယ့်နှယ် ရှိစ" ဆိုတဲ့ အရိပ်အယောင်ကို လှမ်းမြင်လိုက်ရသလိုပါပဲ။

ဆရာဘဝ ပထမအချိန်


 ဆရာရေဆရာ့အတွက် အတန်းနဲ့ဘာသာ မခွဲရသေးဘူး၊ ဒီနေ့ ဆရာတစ်ယောက် ခွင့်ယူထားလို့ သူ့အချိန် အစားင်ပေးစမ်းပါအုံး
ဟုတ်ကဲ့၊ ရပါတယ်ဆရာ
တာန်ယူပြီး အတန်းထဲင်ခဲ့ပေမယ့် ကြိုတင်ပြင်ဆင်ထားတာ ဘာမှ မရှိလေတော့ ဘာသင်ရမှန်းလည်း မသိ၊ ဘယ်လိုသင်ရမှန်းလည်း မသိတာ ကြောင့် ဆရာစားပွဲမှာ င်ထိုင်ပြီး စာအုပ်ဖတ်နေလိုက်ပါတယ်။
()တန်းခန်းပါ။ စာမသင်ဲ ထိုင်နေတော့ အကြိုက်တွေ့သွားကြတာ ပေါ့။ ကလေးသဘာပြောကြဆိုကြ၊ တို့ကြဆိတ်ကြပေါ့။ ဆရာမလာလို့ စာမသင်ရတာထက် ဆရာလာပြီး စာမသင်ရတာလောက် အရသာ ထူးတာမျိုး ကျောင်းသားဘမှာ ဘာရှိလို့လဲ။
ကျွန်တော်ကိုယ်တိုင်ကလည်းငါမှ စာမသင်တာဘဲလေ…’ဆိုပြီး လွတ်လွတ် လပ်လပ် နေခွင့်ပေးပြီး လစ်လျူရှုထားလိုက်တာပါ။
ဒေါက်ဒေါက်ဒေါက်
ဆီးသီးစေ့က စားပွဲပေါ် ထောက်တဲ့ပြီး ရှေ့နားမှာ ကျလာပါတယ်။ ဒီကောင်တွေ ငါ့ကို စမ်းပြီဆိုပြီး ထောင်းကနဲ ဒေါသထွက်သွားပါတယ်။
ဆရာပေါက်စဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းသေးတော့ ဘာတဲ့ဆို ငါ့ကိုစမ်းတာလို့ ထင်တတ်ကြတာကိုး။
ဘယ်ကောင်လဲကွ
တစ်ယောက်မှ မလှုပ်ကြ။
ဟေ့ဘယ်သူလုပ်တာလဲလို့ မေးနေတယ်လေ
ကျွန်တော့်စကားကို လုပ်မိတဲ့သူကလွဲပြီး ကျန်တဲ့သူတွေက မသိနိုင် လေတော့ ကြောင်တောင်တောင် ဖြစ်နေကြတာပေါ့။ ဒီလိုဖြစ်တာကိုလည်း ကျွန်တော်က နားမလည်သေးပါဘူး။
ဟေ့ကောင်တွေ၊ လုပ်တုန်းကလုပ်ပြီး အခုမှ သရဲဘောကြောင်လား၊ မင်းတို့ထက် မိုက်လို့ ဒီလိုအေးကြီးမှာ တစ်ယောက်တည်း ကျောင်းဆရာ လာလုပ်တာကွ
အတန်းနောက်က ကျောင်းသားတစ်ယောက် လက်ပိုက်ရင်ကော့ပြီးကျွန်တော်ပါလို့ န်ခံလိုက်တော့ ကျွန်တော်လည်း နေရာကနေ ‘ဝုန်းကနဲ ထပြီး ကျောင်းသားရဲ့ အင်္ကျီကော်လံစကို ဆွဲအစ်လိုက်ပါတယ်။
ဘာသဘောလဲ၊ မင်းတို့ ငါ့ကို စမ်းတာလား
မဟုတ်ပါဘူးဆရာ၊ ကျွန်တော့်ကို လှမ်းပေါက်တာ၊ ကျွန်တော် ရှောင် လိုက်လို့ပါ
နောက်တစ်ယောက်က င်ရှင်းပါတယ်။
ဒါဆို အစကတည်းက ငါမေးနေတာ၊ ပြောပါတော့လား
မပြောရဲလို့ပါ ဆရာ
င်္ကျီကော်လံစကို လွှတ်ပေးလိုက်ပါတယ်။ ကျောင်းသားလေးက ရုန်းခြင်းဆောင့်ခြင်း မလုပ်ပါဘူး
ဆရာဘမှာ ပထမဆုံးင်ရတဲ့ အချိန်ပါ။
အစားထိုးအချိန်ဆိုတာပါကင်ဖောက်ဆရာငယ်နဲ့ တော်တော် မသင့်တော်တာပဲ။ ကိုယ့်ကိုယ်ကိုလည်းမသိ၊ ကလေးအကြောင်းကိုလည်း မသိ၊ ဘာသာရပ်ကိုလည်း မသိ၊ ဘယ်မှာ အဆင်ပြေပါ့မလဲ။
ကျွန်တော်ရဲ့ ဒေါသစိတ်နဲ့ စတင်မိတ်ဆက်ခံခဲ့ရပေမယ့် သူတို့တွေ ဟာ ဆရာကို နာကည်း မသွားကြပါဘူး။ သည့်နောက်ပိုင်းတော့ အတန်းထဲမှာ ပျော်ပျော်ရွှင်ရွှင် စာသင်၊ အတန်းပြင်မှာ ပျော်ပျော်ရွှင်ရွှင် ဘော့လုံးကစား၊ ဆရာတပည့်လည်း ဟုတ်၊ သူငယ်ချင်းလည်း ဟုတ်၊ အပြန်အလှန် နားလည် ခဲ့ကြတယ် မဟုတ်ပါလား။
ကြာင်းနဲ့ပြုံးချိုရေမင်းတို့ငယ်ငယ်က ပုံရိပ်ကို မင်းတို့ကိုယ် တိုင် မှတ်မိကောင်းမှ မှတ်မိကြမှာ ဖြစ်ပေမယ့် ဆရာကတော့ မင်းတို့ပေးတဲ့ သင်ခန်းစာကို အမှတ်ရဆဲမို့ မှတ်တမ်းတင်လိုက်မိပါတယ်။
အလယ်တန်းကျောင်းသားအရွယ် ဘာမှ အတွေ့အကြုံမရှိသေးတဲ့ ကလေးအရွယ်က သူ့မှာ ဘာပညာရှိလို့ ဆရာကို ပညာစမ်းရမှာလဲ။
ဆရာကို ပညာစမ်းတာလားဆိုတဲ့ အတွေးဟာ တကယ်တော့မပြည့်သေးတဲ့ ကျွန်တော်ရဲ့ အတွေးသာ မဟုတ်ပါလား။

အသံလုံကျောင်းဆောင်ကြီးများ


ကျောင်းင်းကြီးကို မြင်ရပြီ။ အပြောင်းလဲကြီး ပြောင်းနေပါပြီကော။ ချင်းတွင်းဆောင်၊ ခမ်းပတ်ဆောင်၊ ကဘော်ဆောင်နှင့် ဂေါမုဏ္ဏဆောင်၊ သစ်သားဆောင်ဟောင်းကြီးများ နေရာတွင် သပ်ယပ်ခန့်ညား လှပသော အုတ် ကျောင်းဆောင်များက နေရာယူထားကြပြီ။
နံက်ပိုင်း စုေးသဘင်ကွင်း၊ ညနေပိုင်း ဘော့လုံးကွင်းအဖြစ် အသုံး ပြုခံခဲ့သော ချင်းတွင်းဆောင်ရှေ့က ကွင်းပြင်ကျယ်လည်း တိုးချဲ့ဆောင်များ အတွက် နေရာပေးလိုက်ရပြီ။
ယခင်က ညနေကျောင်းဆင်းလျှင် ဤကွင်းမှာ ကစားခုန်ပေါက်သူ များဖြင့် စည်ကားလှပါသည်။ တော်တော်နှင့် လူမစဲ။
ကျွန်တော်နှင့်ကျောင်းသားများ ဘော့လုံးကန်ကြ၊ ပြေးကြလွှားကြ၊ ခုန်ကြ ပေါက်ကြ၊ ပင်ပေါင်ရိုက်သူ ရိုက်ကြ။
ကျောင်းအင် လမ်းမဘေးမှာ ကျောင်းသူတွေကလည်း ဖန်ပေသီး ပစ်သူ ပစ်ကြ၊ ငြင်းကြ ခုံကြ။
ဆရာဦးသန်းဆွေက ဆေးတံကြီးခဲလျက် ညနေစာ ထမင်းချက်ရင်း ရံတာမှလည်းကောင်း၊ နေ့ပိုင်းကတည်းက ချက်ပြီးပြုတ်ပြီး ဖြစ်နေသော ကျောင်းအုပ်ကြီးကတော် မမတင်က ပြူတင်းပေါက်ခုံမှာ ထိုင်လျက်လည်း ကောင်း၊ ဘော့လုံးပွဲကိုလည်း ကြည့်ကြသည်။ မိန်းကလေးများ ပေသီးပစ် လောင်းကစားကိုလည်း ရှုကြသည်။
ဘော့လုံးကွင်းထဲမှာ ဘော့လုံးကို လှမ်းတောင်းသံ၊ ပေးပို့သော ဘော့လုံးကို မတားနိုင်၍ စိတ်ဆိုးမာန်ဆိုး ဆဲသံ၊ ဘော့လုံးကို အလည်ထား ဟိုဘက်သည်ဘက်အုန်းကနဲ ပစ်ကြုံးသံ၊ ပွက်လောညံနေတတ်ပါသည်။
ဖန်ပေသီိးုင်းတွင် ဂျပုမစမ်းစမ်းညို ဒိုင်ဗင်ထိုး၍ ပစ်သည်ကို မှန်တယ်၊ မမှန်ဘူး။ ရတယ်၊ မရဘူးငြင်းနေသော စမ်းစမ်းညိုနဲ့ မော်ရီ၏ အသံ။ မငြင်းတတ် မငြင်းရဲ၍ ပေသီးကိုင်လျှက် ရပ်ကြည့်နေသော လှချိန်နဲ့ အိုင်ကျူး တို့ကိုလည်း ကျောင်းအုပ်ကြီး၏ဂရင်းစတင်းမှ အထင်းသားမြင် နေရသည်။
သို့နှယ် ဆော့ကြ၊ ကစားကြ၊ ပြေးကြ၊ လွှားကြ၊ နေအေးမှ အိမ်ပြန် သွားတတ်ကြသည်မှာ ဤကျောင်းတော်ကြီး၏ ဓလေ့မဟုတ်ပါလော။
ချင်းတွင်းဆောင် နောက်ကျောမှ မြင့်နိုင်ကြီး၏ မုန်ညင်းစိုက်ခင်း နေရာလေးကိုလည်း အမှတ်တရကည့်လိုက်ရသေးသည်။
ချင်းတွင်းဆောင် အောက်ထပ် ဒေါင့်ခန်းကျဉ်းကျဉ်းလေးသည် ယခင် က ဆရာ၊ ဆရာမများ နားနေခန်းဖြစ်ပါသည်။ လုပ်အားပေးများ အပါအင် တစ်ကျောင်းလုံး သည်အခန်းမှာပဲ နားကြသည်။ လူနည်းလို့ ဆန့်လည်းဆန့် ပါသည်။
ခင်မောင်ကျော်၊ မင်တို့ အခု ဘယ်လိုနားကြ၊ နေကြလဲ
လူများလာတော့ တစ်နေရာထဲ မရဘူးဆရာ။ အုပ်စုလိုက် ခွဲပြီး နေကြရတာ။ တစ်ခါတစ်လေ ဘယ်သူလာတယ်၊ မလာဘူး ဆိုတာတောင် သတိမပြုမိတဲ့ နေ့တွေ ရှိတယ်ဆရာ
ဟုတ်ပေမည်။ ယခင်က ကျောင်းသားလေးရာကျော် ငါးရာနီးပါးမှ ယခု ၂၀၀၀ကျော် ဖြစ်လာတော့ ဆရာ၊ဆရာမ ဦးရေလည်း များလာမှာပေါ့။
စာသင်ခန်းများကိုလည်း လွမ်းမောစွာ လှည့်ပတ်ကြည့်မိပါသည်။
ကျွန်တော်တို့ အရင်ခေတ်တုန်းက အသံမလုံပါ။ပါတီးရှင်းများ ကန့်ပြီး သင်ရတာ။ အာပေါက်လောက်အောင် အော်အော်ပြီး သင်ရပါတယ်။
အရင်တုန်းက ဟိုဘက်ခန်း၊ သည်ဘက်ခန်း လှမ်းကျော်ပြီး မြင်နိုင် တယ်။ပါတီးရှင်းတွေက သိပ်ပြီးမမြင့်တော့သံကြားရုပ်မြင်စာသင်ခန်းကြီး တွေနဲ့ သင်ကြရတာလေ။ တစ်ဘက်ခန်းက ဘယ်သူ့အချိန်လဲကလေးတွေ စာဖတ်နေကြသလားဆော့နေကြသလား။ လှမ်းကြည့်လို့ရ၊ မြင်လို့ရနေတော့ လိုအပ်င် တစ်ဦးနှင့်တစ်ဦး ကူညီနိုင်ကြတာပေါ့။
ဆရာဘာလို့လဲ
ပါတီးရှင်းပေါ်က ကျော်ပြီး ပေါ်လာတဲ့ ဆရာလေး ကိုဇော်လင်းရဲ့ မျက်နှာကိုမြင်လို့ ဆရာမလေး မညွန့်မေ အထိတ်တလန့် မေးမိပါတယ်။
ဟော်၊ ကလေးတွေများ ရန်ဖြစ်နေကြသလားလို့ပါ
အခုတော့ အသံလုံခန်းကြီးတွေနဲ့ ဆရာ၊ဆရာမများ သက်သောင့် သက်သာ စာသင်နိုင်ကြပြီးပေါ့။ အသံလုံလို့ မ်းသာရပေမယ့် မြင်ကွင်းလုံ အခန်းနဲ့ သင်နေကြရတဲ့ ဆရာ၊ဆရာမငယ်တွေ ကိုယ့်အခန်းထဲမှာ တစ်စုံ တစ်ရာ ပြဿနာပေါ်င် အကူအညီမရ ကိုယ်တိုင်ရှင်းကြရတော့မှာမို့
ဦးဇော်လင်းနဲ့ ဒေါ်ညွန့်မေရေခုခေတ် တမူးကျောင်းက ဆရာ၊ ဆရာမငယ်လေးတွေ သနားဖို့ မကောင်းပေဘူးလားကွယ်။